ဖန်ဆင်းခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကမ္ဘာဦးကျမ်း ၁: ၁-၂၅

၁ အစအဦး​၌ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။ ၂ မြေကြီး​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ နက်ရှိုင်း​ရာ​အရပ်​၏​မျက်နှာပြင်​ကို မှောင်မိုက်​ဖုံးလွှမ်း​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရေ​မျက်နှာပြင်​ပေါ်တွင် ရစ်ဝဲ​လျက်​နေ​တော်မူ​၏​။ ၃ ဘုရားသခင်​က “​အလင်း​ဖြစ်စေ​”​ဟု မိန့်​တော်မူ​ရာ အလင်း​ဖြစ်​လေ​၏​။ ၄ ထို​အလင်း​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ဘုရားသခင်​သည် အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​တော်မူ​၏​။ ၅ ဘုရားသခင်​သည် အလင်း​ကို နေ့ ဟု​ခေါ်ဝေါ်​၍ အမှောင်​ကို ည ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပထမ​နေ့ရက်​ဖြစ်​လေ​၏​။ ၆ တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။ ၇ ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို ဖန်ဆင်း​တော်မူ​၍ မိုးမျက်နှာကြက်​အောက်​၌​ရှိ​သော​ရေ​နှင့် မိုးမျက်နှာကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်းခြား​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ၈ ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို မိုးကောင်းကင် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဒုတိယ​နေ့ရက်​ဖြစ်​လေ​၏​။ ၉ တစ်ဖန် ဘုရားသခင်​က “​မိုးကောင်းကင်​အောက်​၌​ရှိ​သော​ရေ​သည် တစ်နေရာတည်း​၌​စုဝေး​စေ​။ ကုန်းမြေ​ပေါ်လာ​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ၁၀ ဘုရားသခင်​သည် ကုန်းမြေ​ကို မြေကြီး ဟု​ခေါ်ဝေါ်​၍ ရေ​စုဝေးရာ​ကို ပင်လယ် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ၁၁ တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သီးစားပင်​ကို​လည်းကောင်း မြေ​ပေါ်၌ ပေါက်​စေ​လော့​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ၁၂ မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော အပင်​ကို​လည်းကောင်း ပေါက်​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ၁၃ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ တတိယ​နေ့ရက်​ဖြစ်​လေ​၏​။ ၁၄ တစ်ဖန် ဘုရားသခင်​က “​နေ့​နှင့်​ည​ကို​ပိုင်းခြား​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ​ဖြစ်တည်​စေ​။ ထို​အလင်းအိမ်​တို့​သည် ရာသီ​၊ နေ့ရက်​၊ နှစ်ကာလ​များ​အတွက် အမှတ်လက္ခဏာ​ဖြစ်​စေ​။ ၁၅ မြေကြီး​ကို​အလင်းပေး​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ ဖြစ်တည်​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ၁၆ ဘုရားသခင်​သည် နေ့​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အကြီး​၊ ည​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အငယ်​ဟူသော အလင်းအိမ်​ကြီး​နှစ်​လုံး​နှင့်တကွ ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။ ၁၇ ဘုရားသခင်​သည် ထို​အလင်းအိမ်​များ​ကို မိုးကောင်းကင်​မျက်နှာကြက်​၌ ထား​တော်မူ​၍ မြေကြီး​ကို​အလင်းပေး​စေ​၏​။ ၁၈ နေ့​နှင့်​ည​ကို အုပ်စိုး​စေ​၍ အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ၁၉ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ စတုတ္ထ​နေ့ရက်​ဖြစ်​လေ​၏​။ ၂၀ တစ်ဖန် ဘုရားသခင်​က “​ရေ​သည် အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သက်ရှိသတ္တဝါ​များ​နှင့်​ပြည့်နှက်​စေ​။ ငှက်​တို့​သည် မြေကြီး​အထက် မိုးကောင်းကင်​မျက်နှာကြက်​အနှံ့ ပျံသန်း​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ ၂၁ ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ၂၂ ဘုရားသခင်​သည် ထို​သတ္တဝါ​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ ပင်လယ်​ရေ​များ​၌ ပြည့်​ကြ​လော့​။ ငှက်​တို့​လည်း မြေကြီး​ပေါ်၌ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ၂၃ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပဉ္စမ​နေ့ရက်​ဖြစ်​လေ​၏​။ ၂၄ တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် သက်ရှိသတ္တဝါ​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​။ ယဉ်ပါးသောတိရစ္ဆာန်​၊ တွားသွားသောတိရစ္ဆာန်​နှင့် တောရိုင်းတိရစ္ဆာန်​တို့​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ ၂၅ ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ​တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00