လူသားများက ဘုရားသခင်ကိုမနာခံခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကမ္ဘာဦးကျမ်း ၃: ၁-၂၄

၁ မြွေ​သည် ထာဝရအရှင်​ဘုရားသခင် ဖန်ဆင်း​တော်မူ​သော တောရိုင်းတိရစ္ဆာန်​အားလုံး​တို့​ထက် လိမ္မာပါးနပ်​၏​။ မြွေ​က မိန်းမ​အား “​ဥယျာဉ်​ထဲ​ရှိ မည်သည့်​အပင်​၏​အသီး​ကို​မျှ မ​စား​ရ​ဟူ၍ ဘုရားသခင်​သည် အမှန်ပင်​မိန့်​တော်မူ​သလော​”​ဟု မေး​လေ​၏​။ ၂ မိန်းမ​က​လည်း “​ဥယျာဉ်​ထဲ​ရှိ​အပင်​တို့​၏​အသီး​ကို ငါ​တို့​စား​ခွင့်​ရှိ​၏​။ ၃ သို့သော် ဥယျာဉ်​အလယ်​ရှိ​အပင်​၏​အသီး​ကို​မူ ဘုရားသခင်​က ‘​သင်​တို့​သည် ထို​အသီး​ကို​မ​စား​ရ​၊ မ​ထိ​ရ​။ ထိမိ​၊ စား​မိ​လျှင် သေ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မြွေ​အား​ဆို​လေ​၏​။ ၄ မြွေ​က​လည်း “​သင်​တို့​သည် မုချ​သေ​ရ​မည်​မ​ဟုတ်​။ ၅ ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​တို့​သည် မျက်စိ​ပွင့်လင်း​၍ အကောင်း​အဆိုး​ကို​သိ​ကာ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်​ကို ဘုရားသခင်​သိ​တော်မူ​သောကြောင့်​ဖြစ်​၏​”​ဟု မိန်းမ​အား​ဆို​လေ​၏​။ ၆ ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။ ၇ ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။ ၈ နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။ ၉ ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။ ၁၀ လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။ ၁၁ ဘုရားသခင်​က​လည်း “​သင့်​မှာ​အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ဟု မည်သူ​ပြော​သနည်း​။ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​မှ​အသီး​ကို သင်​စား​ပြီ​လော​”​ဟု မေး​တော်မူ​၏​။ ၁၂ လူ​က​လည်း “​အကျွန်ုပ်​နှင့်အတူ​နေ​စေရန် ကိုယ်တော်​ပေး​ထား​သော​မိန်းမ​သည် ထို​အပင်​မှ​အသီး​ကို အကျွန်ုပ်​အား​ပေး​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ ၁၃ ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။ ၁၄ ထိုအခါ ထာဝရအရှင်​ဘုရားသခင်​က မြွေ​အား “​သင် ဤသို့​ပြု​သောကြောင့် တိရစ္ဆာန်အယဉ်​နှင့် တိရစ္ဆာန်အရိုင်း​အပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် ဝမ်းဗိုက်​ဖြင့်​တွားသွား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေမှုန့်​ကို​စား​ရ​မည်​။ ၁၅ ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ၁၆ မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ၁၇ ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။ ၁၈ မြေ​သည် သင့်​အဖို့ ဆူးပင်​နှင့် ဆူးလေပင်​တို့​ကို​ပေါက်​စေ​မည်​။ သင်​သည် လယ်ယာ​မှ​ထွက်​သော​အပင်​ကို စား​ရ​မည်​။ ၁၉ သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ၂၀ လူ​သည် မိမိ​မယား​၏​အမည်​ကို ဧဝ ဟု​မှည့်ခေါ်​လေ​၏​။ အကြောင်းမူကား သူ​သည် အသက်ရှင်​သော​သူ​အပေါင်း​တို့​၏​မိခင်​ဖြစ်​၏​။ ၂၁ ထာဝရအရှင်​ဘုရားသခင်​သည် အာဒံ​နှင့် သူ​၏​မယား​အတွက် သားရေ​ဝတ်ရုံ​ကို​လုပ်​၍ သူ​တို့​အား​ဝတ်ဆင်​ပေး​တော်မူ​၏​။ ၂၂ ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​ကြည့်ရှု​လော့​။ လူ​သည် အကောင်း​အဆိုး​ကို​သိ​ခြင်း​အရာ​၌ ငါ​တို့​ထဲမှ​တစ်ပါးပါး​ကဲ့သို့​ဖြစ်လာ​ပြီ​။ ယခုမှာ သူ​သည် လက်​ကို​ဆန့်​ပြီး အသက်​ပင်​၏​အသီး​ကို​ယူ​စား​၍ ထာဝရ​အသက်ရှင်​ခွင့် မ​ရ​သင့်​”​ဟု မိန့်​တော်မူ​၏​။ ၂၃ ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို ဧဒင်​ဥယျာဉ်​ထဲမှ​နှင်ထုတ်​၍ မြေ​မှ​ဖြစ်လာ​သော​လူ​ကို ထို​မြေ​ကို​ပင် ထွန်ယက်​လုပ်ကိုင်​စေ​၏​။ ၂၄ ထိုသို့ လူ​ကို​နှင်ထုတ်​ပြီးလျှင် အသက်​ပင်​သို့​သွား​ရာ​လမ်း​ကို​စောင့်ရှောက်​စေရန် ခေရုဗိမ်​နှင့်တကွ အဘက်ဘက်​လည်​နေ​သော​မီးလျှံ​ဓား​ကို ဧဒင်​ဥယျာဉ်​အရှေ့ဘက်​၌ ထား​တော်မူ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00