အာဗြံ၏ ဘုရားသခင်အပေါ်ယုံကြည်ခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကမ္ဘာဦးကျမ်း ၁၂: ၁-၇

၁ ထာဝရဘုရား​က အာဗြံ​အား “​သင်​သည် သင့်​ပြည်​မှ​လည်းကောင်း​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထဲမှ​လည်းကောင်း​၊ သင့်​ဖခင်​၏​အိမ်​မှ​လည်းကောင်း ထွက်ခွာ​၍ သင့်​ကို​ငါ​ပြ​မည့်​ပြည်​သို့​သွား​လော့​။ ၂ ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။ ၃ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​ကို ငါ​ကောင်းချီးပေး​၍ သင့်​ကို​ကျိန်ဆဲ​သော​သူ​ကို ငါ​ကျိန်ဆဲ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ မျိုးနွယ်စု​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ၄ ထိုအခါ အာဗြံ​သည် မိမိ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထွက်ခွာ​လေ​၏​။ လောတ​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​၏​။ အာဗြံ​သည် ဟာရန်​မြို့​မှ​ထွက်လာ​သောအခါ အသက်​ခုနစ်ဆယ့်​ငါး​နှစ်​ရှိ​၏​။ ၅ အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။ ၆ အာဗြံ​သည် ထို​ပြည်​ကို​ဖြတ်သွား​၍ ရှေခင်​အရပ်​၊ မောရေ​တောင်ကုန်း​ရှိ ဝက်သစ်ချပင်​တိုင်အောင် ရောက်​လေ​၏​။ ထို​ကာလ​တွင် ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌​ရှိ​ကြ​၏​။ ၇ ထာဝရဘုရား​သည် အာဗြံ​အား ကိုယ်ထင်ရှားပြ​၍ “​ဤ​ပြည်​ကို သင်​၏​အမျိုးအနွယ်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ အာဗြံ​သည်​လည်း မိမိ​အား ကိုယ်ထင်ရှားပြ​တော်မူ​သော​ထာဝရဘုရား​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို တည်​လေ​၏​။

ကမ္ဘာဦးကျမ်း ၁၅: ၁-၆

၁ ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် စိတ်အာရုံ​အားဖြင့် အာဗြံ​ထံသို့​ရောက်လာ​၍ “​အာဗြံ​၊ မ​ကြောက်​နှင့်​။ ငါ​သည် သင်​၏​ဒိုင်းလွှား​ဖြစ်​၏​။ သင်​ရရှိ​မည့်​ဆုလာဘ်​သည် အလွန်​ကြီးမား​၏​”​ဟု မိန့်​တော်မူ​၏​။ ၂ အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​သဖြင့် ဒမတ်စကပ်​မြို့သား​ဧလျေဇာ​သည် အကျွန်ုပ်​၏​အိမ်​ကို​အမွေဆက်ခံသူ​ဖြစ်​ရ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​အား မည်သည့်​အရာ​ကို​ပေး​တော်မူ​မည်နည်း​”​ဟု လျှောက်​လေ​၏​။ ၃ တစ်ဖန် အာဗြံ​က “​ကိုယ်တော်​သည် အကျွန်ုပ်​အား မျိုးဆက်​ကို​ပေး​တော်​မ​မူ​သဖြင့် အကျွန်ုပ်​၏​ကျွန်သပေါက်​သည် အကျွန်ုပ်​၏​အမွေခံ​ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​လေ​၏​။ ၄ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အာဗြံ​ထံသို့​ရောက်လာ​၍ “​ထို​သူ​သည် သင်​၏​အမွေခံ​မ​ဖြစ်​ရ​။ သင့်​ကိုယ်​မှ​ပေါက်ဖွား​သော​သူ​သာလျှင် သင်​၏​အမွေခံ​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ၅ ထို့နောက် ကိုယ်တော်​သည် သူ့​ကို အပြင်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “​မိုးကောင်းကင်​ကို​မော့ကြည့်​လော့​။ ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ကိုယ်တော်​က “​သင်​၏​သားစဉ်မြေးဆက်​သည် ထိုသို့​ဖြစ်​လိမ့်မည်​”​ဟု သူ့​အား​မိန့်​တော်မူ​၏​။ ၆ အာဗြံ​သည် ထာဝရဘုရား​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00