ပသခါပွဲအတွက်ယဇ်ကောင်

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ထွက်မြောက်ရာကျမ်း ၁၂: ၁-၃

၁ အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား ၂ “​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။ ၃ အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။

ထွက်မြောက်ရာကျမ်း ၁၂: ၂၁-၃၁

၂၁ ထိုအခါ မောရှေ​သည် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို​ခေါ်​၍ “​သင်​တို့​မျိုးနွယ်စု​အလိုက် သင်​တို့​အတွက် သိုး​များ​ကို ရွေး​ယူ​ပြီးလျှင် ပသခါသိုးသငယ်​ကို​သတ်​ကြ​လော့​။ ၂၂ ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။ ၂၃ အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။ ၂၄ သို့ဖြစ်၍ ဤ​အစဉ်အလာ​ကို ပြဋ္ဌာန်းချက်​အဖြစ် သင်​နှင့်​သင့်​သားမြေး​များ​သည် အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။ ၂၅ သင်​တို့​အား​ပေး​မည်​ဟု ထာဝရဘုရား​ကတိထား​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​ကြ​သောအခါ သင်​တို့​သည် ဤ​အစဉ်အလာ​ကို စောင့်ထိန်း​ရ​မည်​။ ၂၆ သင်​တို့​၏​သားမြေး​များ​က ‘​ဤ​အစဉ်အလာ​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ ၂၇ သင်​တို့​က​လည်း ‘​ဤ​အစဉ်အလာ​ကား အီဂျစ်​လူမျိုး​တို့​ကို​ဒဏ်ခတ်​သောအခါ အီဂျစ်​ပြည်​၌​ရှိ​သော အစ္စရေး​အမျိုးသား​တို့​၏​အိမ်​များ​ကို​ကျော်သွား​၍ ငါ​တို့​၏​အိမ်သူအိမ်သား​များ​ကို​ကယ်နုတ်​တော်မူ​သော​ထာဝရဘုရား​အား ယဇ်ပူဇော်​သည့်​ပသခါပွဲ​ဖြစ်​၏​’​ဟူ၍ ပြန်ပြော​ရ​မည်​”​ဟု ဆင့်ဆို​သောအခါ လူ​တို့​သည် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။ ၂၈ ထို့နောက် မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည်​သွား​၍ တစ်သဝေမတိမ်း​ပြု​ကြ​၏​။ ၂၉ ညသန်းခေါင်​အချိန်​တွင် ထာဝရဘုရား​သည် ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ မြေအောက်​အကျဉ်းခန်း​၌​ရှိ​သော အကျဉ်းသား​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​နှင့် တိရစ္ဆာန်​၏​သားဦး​အားလုံး​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။ ၃၀ အီဂျစ်​ပြည်​၌ လူ​မ​သေ​သော​အိမ်​ဟူ၍​မ​ရှိ​သောကြောင့် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် ညအချိန်​၌ ထ​၍ ပြင်းစွာ​အော်ဟစ်ငိုကြွေး​ကြ​၏​။ ၃၁ ထို့ကြောင့် ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို ညတွင်းချင်း​ဆင့်ခေါ်​၍ “​သင်​တို့​မှစ၍ အစ္စရေး​အမျိုးသား​တို့​ပါ ထ​၍ ငါ​၏​လူမျိုး​ထဲ​မှ ထွက်သွား​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။

ထွက်မြောက်ရာကျမ်း ၁၂: ၄၀-၄၂

၄၀ အီဂျစ်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့ နေထိုင်​ခဲ့​ကြ​သော​အချိန်​ကာလ​မှာ နှစ်ပေါင်း လေး​ရာ့​သုံးဆယ်​ဖြစ်​၏​။ ၄၁ နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။ ၄၂ ထို​ည​သည် အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​ရန် ထာဝရဘုရား​စောင့်စား​ခဲ့​သော​ည​ဖြစ်​၏​။ ထို​ည​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့ မျိုးဆက်​အစဉ်အဆက်​ထာဝရဘုရား​အဖို့ စောင့်ထိန်း​ရ​သော​ည​ဖြစ်​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00