သခင်ယေရှုရောဂါများကုသပေးခြင်းနှင့် အပြစ်လွှတ်ပေးခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်လုကာခရစ်ဝင် ၅: ၁၇-၃၂

၁၇ တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။ ၁၈ ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ပြီး သူ့​ကို​အထဲသို့​သွင်း​၍ ကိုယ်တော်​ရှေ့​၌​ချ​ထား​ရန် ကြိုးစား​ကြ​၏။ ၁၉ သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။ ၂၀ ကိုယ်တော်​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင်“အချင်း​လူ၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ ၂၁ ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။ ၂၂ ယေရှု​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ ၂၃ ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ ၂၄ သို့သော် လူ့သား​သည် မြေကြီး​ပေါ်တွင် အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူ​တို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ ၂၅ ထိုအခါ လေဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်ချင်း​ထ​၍ မိမိ​လဲလျောင်း​ခဲ့​သော​အိပ်ရာ​ကို ဆောင်ယူ​ပြီးလျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် မိမိ​အိမ်​သို့​ပြန်သွား​လေ​၏။ ၂၆ လူ​အပေါင်း​တို့​သည် မိန်းမော​တွေဝေ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ယနေ့ ငါ​တို့​သည် အံ့ဖွယ်​သော​အမှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အလွန်​ထိတ်လန့်​အံ့ဩ​သော​စိတ်​ဖြင့်​ပြောဆို​ကြ​၏။ ၂၇ ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် ၂၈ သူ​သည် ရှိသမျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ၂၉ လေဝိ​သည် မိမိ​၏​အိမ်​၌ ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​ကို​ကျင်းပ​လေ​ရာ အခွန်​ကောက်ခံ​သူ​အစုအဝေး​နှင့်​အခြား​သော​သူ​များစွာ​တို့​သည် သူ​တို့​နှင့်အတူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။ ၃၀ ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။ ၃၁ ယေရှု​က​လည်း“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ၃၂ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00