သခင်ယေရှု၏ နှိမ့်ချခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၁၃: ၁-၁၇

၁ ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။ ၂ ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။ ၃ ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့် ၄ ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။ ၅ ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။ ၆ ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။ ၇ ယေရှု​က​လည်း“သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင် ၈ ပေတရု​က “အကျွန်ုပ်​၏​ခြေ​ကို လုံးဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့်​မ​သက်ဆိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ၉ ထိုအခါ ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦးခေါင်း​တို့​ကို​ပါ ဆေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ၁၀ ယေရှု​က​လည်း“ရေချိုး​ပြီး​သော​သူ​သည် တစ်ကိုယ်လုံး​စင်ကြယ်​သည်​ဖြစ်​၍ ခြေ​မှလွဲ၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် သင်​တို့​အားလုံး​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ၁၁ ကိုယ်တော်​သည် မိမိ​ကို မည်သူ​အပ်နှံ​မည်​ကို​သိ​တော်မူ​သောကြောင့်“သင်​တို့​အားလုံး​စင်ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ၁၂ ထိုသို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သောအခါ ကိုယ်တော်​သည် ဝတ်ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်ဖန်​ထိုင်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အရာ​ကို နားလည်​ကြ​သလော။ ၁၃ သင်​တို့​သည် ငါ့​ကို ဆရာ​ဟူ၍​လည်းကောင်း၊ သခင်​ဘုရား​ဟူ၍​လည်းကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အတိုင်း​ဖြစ်​သောကြောင့် သင်​တို့ ထိုသို့​ခေါ်​ကြ​သည်​မှာ လျောက်ပတ်​ပေ​၏။ ၁၄ ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။ ၁၅ သင်​တို့​၌ ငါ​ပြု​သကဲ့သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံနမူနာ​ကို ငါ​ပြ​ခဲ့​၏။ ၁၆ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ စေတမန်​သည်​လည်း သူ့​ကို​စေလွှတ်​သော​သူ​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ ၁၇ ဤ​အရာ​များ​ကို သင်​တို့​သိမှတ်​၍ ထို​အတိုင်း​ကျင့်သုံး​လျှင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00