သခင်ယေရှုကိုယုံကြည်ခြင်းရဲ့ရလဒ်က ဘာလဲ?

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၃: ၃-၂၁

၃ ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ၄ နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။ ၅ ယေရှု​က“သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။ ၆ အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။ ၇ ‘သင်​တို့​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သောကြောင့် မ​အံ့သြ​နှင့်။ ၈ လေ​သည် အလိုရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အသံ​ကို​ကြား​ရ​သော်လည်း မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​သူ​တိုင်း​လည်း ထိုနည်းတူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ၉ နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော် ၁၀ ယေရှု​က“သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဆရာ​ဖြစ်​လျက်​နှင့် ဤ​အရာ​များ​ကို နား​မ​လည်​သလော။ ၁၁ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို​ပြောဆို​လျက် ကိုယ်​မြင်​သော​အရာ​ကို​သက်သေခံ​၏။ သို့သော် သင်​တို့​သည် ငါ​တို့​၏​သက်သေခံ​ချက်​ကို​လက်​မ​ခံ​ကြ။ ၁၂ လောက​နှင့်ဆိုင်သော​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံကြည်​ကြ​လျှင် ကောင်းကင်​နှင့်ဆိုင်သော​အရာ​များ​ကို ငါ​ပြော​သောအခါ သင်​တို့​သည် မည်သို့​ယုံကြည်​ကြ​မည်နည်း။ ၁၃ ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ၁၄⁻၁၅ မောရှေ​သည် တော​ကန္တာရ​၌ မြွေ​ကို​မြှောက်​ထား​သကဲ့သို့ လူ့သား​သည်​လည်း သူ့​ကို​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန် မြှောက်​ထား​ခြင်း​ခံရ​မည်။ ၁၆ ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။ ၁၇ ဘုရားသခင်​သည် သား​တော်​ကို ဤ​လောက​သို့​စေလွှတ်​တော်မူ​သည်​မှာ လောကီသား​တို့​ကို ပြစ်ဒဏ်​စီရင်​ရန်​မ​ဟုတ်။ လောကီသား​တို့​သည် သား​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ ၁၈ သား​တော်​ကို​ယုံကြည်​သော​သူ​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​မ​ခံရ။ မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​၏​တစ်ပါးတည်း​သော​သား​တော်​၏​နာမ​တော်​ကို မ​ယုံကြည်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​ပြီ​ဖြစ်​၏။ ၁၉ စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။ ၂၀ ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။ ၂၁ သမ္မာတရား​ကို​ကျင့်သုံး​သော​သူ​မူကား မိမိ​ပြု​သော​အမှု​များ​သည် ဘုရားသခင်​အားဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​စေရန် အလင်း​ထံသို့​ချဉ်းကပ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00