သခင်ယေရှုရဲ့နောက်ကိုလိုက်ခြင်းရဲ့အဖိုးအခက ဘာလဲ?

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၁၀: ၃၇-၃၉

၃၇ ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ ၃၈ မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ ၃၉ မိမိ​အသက်​ကို​တွေ့ရှိ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို အဆုံးရှုံး​ခံ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။

ရှင်မာကုခရစ်ဝင် ၈: ၃၄-၃၈

၃၄ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​များ​နှင့်တကွ လူထု​ပရိသတ်​ကို​ခေါ်​၍“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ၃၅ အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ​နှင့်​ကောင်းမြတ်​သော​သတင်း​အတွက် မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။ ၃၆ လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ ၃၇ တစ်နည်းအားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။ ၃၈ အကြောင်းမူကား ဖောက်ပြန်​၍ အပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်ကာလ​၌ မည်သူမဆို ငါ​နှင့်​ငါ့​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း သန့်ရှင်း​သော​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00