၄၄ ဤတရားစကားတို့ကို ပေတရုဟောပြောနေစဉ် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တရားကို ကြားနာနေသူအားလုံးအပေါ်သို့ သက်ရောက်တော်မူ၏။ ၄၅ ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။ ၄၆ အဘယ်ကြောင့်ဆိုသော် ထိုလူမျိုးခြားတို့သည် အခြားသောဘာသာစကားများပြောဆိုလျက် ဘုရားသခင်အားချီးမွမ်းကြသည်ကို သူတို့ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုက ၄၇ “ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသော ဤသူတို့အား ရေ၌ဗတ္တိဇံမခံစေရန် မည်သူတားဆီးနိုင်သနည်း”ဟု ဆိုလျက် ၄၈ ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.