ယုံကြည်သူတပည့်တော်များသည် သခင်ယေရှု၌တည်ပြီး ယေရှုအားဖြင့်ဝိညာဥ်တော်အသီးသီးခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၁၅: ၁-၁၇

၁ ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။ ၂ ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။ ၃ သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည်စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။ ၄ ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။ ၅ ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။ ၆ တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။ ၇ သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ ၈ သင်​တို့​သည် များစွာ​သော​အသီး​ကို​သီး​လျက် ငါ​၏​တပည့်​များ​ဖြစ်​ခြင်း​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်း​ထင်ရှား​တော်မူ​၏။ ၉ ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​သကဲ့သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။ ၁၀ ငါ​သည် ငါ့​ခမည်းတော်​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​၍ ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သကဲ့သို့ သင်​တို့​သည် ငါ​၏​ပညတ်​ချက်​များ​ကို​စောင့်ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်မည်။ ၁၁ သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။ ၁၂ ငါ​၏​ပညတ်​ချက်​ကား ‘ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့’ဟူ၍ ဖြစ်​၏။ ၁၃ မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။ ၁၄ သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။ ၁၅ ငါ​သည် သင်​တို့​ကို ကျွန်​ဟူ၍​ခေါ်​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ကျွန်​သည် မိမိ​သခင်​ပြု​နေ​သော​အရာ​ကို​မ​သိ။ ငါ့​ခမည်းတော်​ထံမှ ကြားနာ​ခဲ့​သော​အရာ​အားလုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ကို မိတ်ဆွေ​ဟူ၍ ငါ​ခေါ်​၏။ ၁၆ သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။ ၁၇ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့​ဟူသော ဤ​ပညတ်​ကို သင်​တို့​အား ငါ​ပေး​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00