၆ ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍ ၇ ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။ ၈ ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။ ၉ ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.