အသင်းတော်သည် ဘုရားသခင်၏မိသားစုဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၁၂: ၄၆-၅၀

၄၆ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။ ၄၇ ထိုအခါ လူ​တစ်​ဦး​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ၄၈ ကိုယ်တော်​က​လည်း“မည်သူ​သည် ငါ့​အမိ​ဖြစ်​ပြီး မည်သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သနည်း”​ဟု မိမိ​ထံ​လျှောက်ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်မူ​၏။ ၄၉ ထို့နောက် တပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက်“ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။ ၅၀ အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

ဧဖက်ဩဝါဒစာ ၁: ၃-၁၀

၃ အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ၄ ငါ​တို့​သည် ရှေ့​တော်​၌ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခရစ်တော်​၌​ရွေးကောက်​တော်မူ​ပြီး ၅ မိမိ​အလို​တော်​နှင့်ညီသော​စေတနာ​အတိုင်း ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​၏​သားသမီး​အရာ​၌ မေတ္တာ​တော်​ဖြင့် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ၆ ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။ ၇ ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။ ၈ ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့် ၉ ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။ ၁၀ ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00