အသင်းတော်သည် စည်းလုံးညီညွှတ်မှုဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၁၇: ၉-၂၆

၉ သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။ ၁၀ အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။ ၁၁ အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။ ၁၂ အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။ ၁၃ ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။ ၁၄ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။ ၁၅ သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ ၁၆ အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။ ၁၇ သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။ ၁၈ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။ ၁၉ သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။ ၂၀ သူ​တို့​အတွက်​သာ​မ​က​ဘဲ သူ​တို့​ဟောပြော​သော​သတင်း​စကား​အားဖြင့် အကျွန်ုပ်​ကို​ယုံကြည်​လာ​သော​သူ​များ​အတွက်​လည်း အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ ၂၁ အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။ ၂၂ အကျွန်ုပ်​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​သကဲ့သို့ သူ​တို့​သည်​လည်း တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​ဘုန်း​အသရေ​တော်​ကို သူ​တို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ ၂၃ အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။ ၂၄ အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။ ၂၅ ဖြောင့်မတ်​တော်မူ​သော​အဖ၊ ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အကျွန်ုပ်​ကို ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။ ၂၆ အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်ဆို​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00