အသင်းတော်သည် ဘုရားသခင်၏လူမှုအသိုက်အဝန်းဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၂: ၃၆-၄၇

၃၆ ထို့ကြောင့် ဘုရားသခင်​သည် လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေရှု​ကို သခင်​အရာ​၌​လည်းကောင်း၊ ခရစ်တော်​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ကြောင်း အစ္စရေး​တစ်မျိုးလုံး​သည် သေချာ​စွာ​သိမှတ်​ကြ​ပါစေ”​ဟု ဟောပြော​လေ​၏။ ၃၇ လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။ ၃၈ ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။ ၃၉ အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။ ၄၀ ပေတရု​သည် အခြား​သော​စကား​အမျိုးမျိုး​တို့​ဖြင့် သက်သေခံ​လျက် “ဤ​ကောက်ကျစ်​သော​မျိုးဆက်​ထဲမှ​လွတ်မြောက်​ရန် ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်တွန်း​နှိုးဆော်​လေ​၏။ ၄၁ ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။ ၄၂ ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။ ၄၃ လူ​အပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်ပေါ်​ကြ​ပြီး တမန်တော်​တို့​သည်​လည်း များစွာ​သော​အံ့ဩဖွယ်ရာ​များ​နှင့် နိမိတ်​လက္ခဏာ​တို့​ကို​ပြု​ကြ​၏။ ၄၄ ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ ၄၅ ဥစ္စာ​ပစ္စည်း​များ​နှင့် မိမိ​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ရောင်းချ​ပြီးလျှင် ၎င်း​တို့​ကို တစ်ဦးချင်းစီ​၌​လိုအပ်​မှု​ရှိ​သည့်​အတိုင်း အားလုံး​တို့​အား ခွဲဝေ​ပေးကမ်း​ကြ​၏။ ၄၆ သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ ၄၇ ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ​တိုးပွား​စေ​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00