၄ ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။ ၅ အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။ ၆ လုပ်ဆောင်ချက်အမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ခပ်သိမ်းသောအမှုကိုပြုတော်မူသောဘုရားသခင်သည် တစ်ပါးတည်းရှိ၏။ ၇ သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။ ၈ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊ ၉ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား ယုံကြည်ခြင်းကိုလည်းကောင်း၊ ထိုဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် အခြားတစ်ဦးအား အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုလည်းကောင်း၊ ၁၀ အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ၁၁ ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.