အစေခံသူယေရှု

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဖိလိပ္ပိသြဝါဒစာ ၂: ၁-၁၁

၁ ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင် ၂ တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။ ၃ မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။ ၄ သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။ ၅ ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။ ၆ ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ ၇ မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ ၈ မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။ ၉ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။ ၁၀ ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍ ၁၁ နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00