ခေါင်းဆောင်ကောင်းတွေဘာလုပ်သလဲ။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ပေတရုဩဝါဒစာပထမစောင် ၅: ၁-၁၁

၁ သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။ ၂ သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။ ၃ သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။ ၄ သို့ပြုလျှင် သိုးထိန်း​ကြီး​ပေါ်ထွန်း​တော်မူ​သောအခါ မှေးမှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့်​သရဖူ​ကို သင်​တို့​ရရှိ​ကြ​လိမ့်မည်။ ၅ ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။ ၆ ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ ၇ ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။ ၈ သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။ ၉ ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။ ၁၀ သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။ ၁၁ တန်ခိုး​အရှိန်အဝါ​သည် ကိုယ်တော်​၌ ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00