မကောင်းတဲ့ခေါင်းဆောင်တွေက ဘာလုပ်သလဲ။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ယေဇကျေလအနာဂတ္တိကျမ်း ၃၄: ၁-၁၆

၁ တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ ၂ “​အချင်း​လူသား​၊ အစ္စရေး​သိုးထိန်း​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က သိုးထိန်း​တို့​အား ‘မိမိကိုယ်ကို​သာ ကျွေးမွေး​စောင့်ရှောက်​သော အစ္စရေး​သိုးထိန်း​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​၏​။ သိုးထိန်း​တို့​မည်သည် သိုး​တို့​ကို ကျွေးမွေး​ရ​မည်​မ​ဟုတ်​လော​။ ၃ သင်​တို့​သည် သိုး​ဆီ​ကို​စား​ပြီး သိုးမွေး​ကို​ဝတ်​ကြ​၏​။ ဆူဖြိုး​သော​အကောင်​ကို​လည်း သတ်စား​ကြ​၏​။ သို့သော် သိုး​တို့​ကို​မူ မ​ကျွေးမွေး​ကြ​။ ၄ အားနည်း​သော​သိုး​တို့​ကို အား​မ​ဖြည့်​ပေး​၊ ဖျားနာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ပေး​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ကျပ်​မ​စည်း​ပေး​ကြ​။ လမ်းလွဲ​သော​သိုး​များ​ကို ပြန်​မ​ခေါ်ဆောင်​လာ​၊ ပျောက်​သော​သိုး​တို့​ကို​လည်း မ​ရှာဖွေ​ကြ​။ သင်​တို့​သည် သိုး​တို့​ကို ခက်ထန်​ကြမ်းတမ်း​စွာ ထိန်းကျောင်း​ကြ​၏​။ ၅ သိုးထိန်း​မ​ရှိ​သောကြောင့် သိုး​တို့​ကွဲလွင့်​ကုန်​၏​။ ကွဲလွင့်​သွား​သော​သိုး​တို့​သည် သားရဲတိရစ္ဆာန်​တို့​၏​အစာ​ဖြစ်​ရ​ကုန်​၏​။ ၆ ငါ့​သိုး​တို့​သည် တောင်တန်း​ရှိသမျှ​၊ ကုန်းမြင့်​ရှိသမျှ​တို့​တွင် လှည့်လည်​သွားလာ​နေ​ရ​ပြီ​။ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​ကုန်​ပြီ​။ ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​သူ တစ်ယောက်မျှ​မ​ရှိ’​ဟု မိန့်​တော်မူ​၏​။ ၇ ထို့ကြောင့် အို သိုးထိန်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ၈ ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ သိုးထိန်း​မ​ရှိ​သောကြောင့် ငါ့​သိုး​တို့​သည် သားကောင်​များ​ဖြစ်သွား​ရ​ပြီ​။ တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ​ဖြစ်​ရ​ပြီ​။ သိုးထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ရှာဖွေ​။ ငါ့​သိုး​တို့​ကို မ​ထိန်းကျောင်း​၊ သူတို့ကိုယ်ကို​သာ ကြည့်ရှု​၏’​ဟု မိန့်​တော်မူ​၏​။ ၉ ထို့ကြောင့် အို သိုးထိန်း​တို့​၊ ထာဝရဘုရား​၏​စကား​ကို နားထောင်​ကြ​လော့​။ ၁၀ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သိုးထိန်း​တို့​ကို​ဆန့်ကျင်​၍ သူ​တို့​ထံမှ ငါ့​သိုး​တို့​ကို ပြန်တောင်း​မည်​။ သူ​တို့​ကို သိုးထိန်း​အဖြစ်​မှ နုတ်ပယ်​ပစ်​မည်​။ သိုးထိန်း​တို့​သည် သူတို့ကိုယ်​ကို ကျွေးမွေး​နိုင်​တော့​မည်​မ​ဟုတ်​။ ငါ့​သိုး​များ​ကို သူ​တို့​နှုတ်​မှ​ကယ်နုတ်​မည်​၊ သူ​တို့​အစာ မ​ဖြစ်​စေ​ရ’​ဟု မိန့်​တော်မူ​၏​။ ၁၁ ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​မည်​။ ၁၂ သိုးထိန်း​သည် ကွဲလွင့်​သွား​သော မိမိ​၏​သိုး​တို့​ကို လိုက်ရှာ​သကဲ့သို့ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ရှာဖွေ​မည်​။ မိုးအုံ့​၍​အမှောင်ကျ​သော​နေ့​တွင် အရပ်ရပ်​ကွဲလွင့်​သွား​သော ငါ့​သိုး​တို့​ကို​ကယ်တင်​မည်​။ ၁၃ သူ​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။ အစ္စရေး​တောင်တန်း​များ​အပေါ်​၊ မြစ်ချောင်း​များ​အနား​မှစ၍ သူ​တို့​နေထိုင်​ရာ​အရပ်ရပ်​တို့​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ ၁၄ ကောင်း​သော​စားကျက်မြေ​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ မြင့်မား​သော​အစ္စရေး​တောင်တန်း​များ​သည် သူ​တို့​ကျက်စား​ရာ​နေရာ​ဖြစ်​လိမ့်မည်​။ ကောင်း​သော​စားကျက်မြေ​တွင်​နေ​ရ​၍ စိမ်းလန်း​သော​ကျက်စား​ရာ အစ္စရေး​တောင်တန်း​များ​ပေါ်တွင် သူ​တို့​ကျက်စား​ရ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ ၁၅ ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို ကျွေးမွေး​စောင့်ရှောက်​မည်​။ ငါ​ကိုယ်တိုင် သူ​တို့​ကို စိမ်းလန်း​သော​အရပ်​တွင် လဲလျောင်း​စေ​မည်​။ ၁၆ ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00