၅၇ သူတို့သည် လမ်း၌ခရီးသွားကြစဉ် လူတစ်ဦးက “ကိုယ်တော်သွားသည့်နေရာတိုင်းသို့ အကျွန်ုပ်လိုက်ပါမည်”ဟု လျှောက်လေ၏။ ၅၈ ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်များရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။ ၅၉ ကိုယ်တော်သည် အခြားသောသူတစ်ဦးအား“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ သို့သော် ထိုသူက “သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ”ဟု လျှောက်လေ၏။ ၆၀ ကိုယ်တော်ကလည်း“လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ။ သင်မူကား သွား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့”ဟု မိန့်တော်မူ၏။ ၆၁ အခြားသောသူတစ်ဦးကလည်း “သခင်ဘုရား၊ အကျွန်ုပ်သည် နောက်တော်သို့လိုက်ပါမည်။ သို့သော် အကျွန်ုပ်၏အိမ်သူအိမ်သားများကို ဦးစွာသွား၍ နှုတ်ဆက်ခွင့်ပြုတော်မူပါ”ဟု လျှောက်လေ၏။ ၆၂ ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.