ယုံကြည်သူတပည့်တော်များက ဝိညာဥ်တော်တန်ခိုးဖြင့်အသက်ရှင်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဂလာတိဩဝါဒစာ ၅: ၁၆-၂၅

၁၆ ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။ ၁၇ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။ ၁၈ သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ၁၉ သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ ၂၀ ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊ ၂၁ မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။ ၂၂ ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊ ၂၃ နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။ ၂၄ ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။ ၂၅ ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00