အသင်းတော်သည် အချင်းချင်းကိုအကူအညီပေးခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဂလာတိဩဝါဒစာ ၆: ၁-၁၀

၁ ညီအစ်ကို​တို့၊ လူ​တစ်​ဦး​သည် ကျူးလွန်​သော​အပြစ်​တစ်စုံတစ်ခု​ထဲ၌ နစ်မွန်း​နေ​လျှင် ဝိညာဉ်​သဘော​ရှိ​သော​သင်​တို့​သည် နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ခြင်း​သို့​မ​ကျရောက်​စေရန် သတိပြု​ကြ​လော့။ ၂ အချင်းချင်း​၏​ဝန်ထုပ်ဝန်ပိုး​များ​ကို ကူညီ​ထမ်းရွက်​ပေး​ကြ​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​တို့​သည် ခရစ်တော်​၏​တရား​တော်​ကို ပြည့်စုံ​စေ​ကြ​လိမ့်မည်။ ၃ တစ်စုံတစ်ယောက်​သည် ဘာမျှ​မ​ဟုတ်​ဘဲ​လျက် မိမိ​ကိုယ်​ကို​အရေးပါ​သူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိကိုယ်ကို​လှည့်ဖြား​၏။ ၄ လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။ ၅ အကြောင်းမူကား လူ​တိုင်း​သည် မိမိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။ ၆ နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။ ၇ အယူ​မ​လွဲ​ကြ​နှင့်။ ဘုရားသခင်​သည် မထီလေးစား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​ကို​စိုက်ပျိုး​လျှင် ၎င်း​ကို ပြန်လည်​ရိတ်သိမ်း​ရ​လိမ့်မည်။ ၈ မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ၉ ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။ ၁၀ ထို့ကြောင့် ငါ​တို့​သည် အခါအခွင့်​ရ​သောအခါ လူ​အပေါင်း​တို့​အပေါ် အထူးသဖြင့် ယုံကြည်​ခြင်း​၏​အိမ်သူအိမ်သား​တို့​အပေါ် ကောင်း​သော​အမှု​ကို ပြု​ကြ​ကုန်စို့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00