အသင်းတော်သည် အတူတကွဆုတောင်းခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၄: ၂၃-၃၁

၂၃ တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။ ၂၄ ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တညီတညွတ်တည်း​ဖြင့် ဘုရားသခင်​ထံ အသံ​ကို​လွှင့်​၍ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး​နှင့် ပင်လယ်​သမုဒ္ဒရာ​မှစ၍ ၎င်း​တို့​၌​ရှိသမျှ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ဖြစ်​ပါ​၏။ ၂၅ ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ဖြစ်​သော ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​၏​နှုတ်​မှတစ်ဆင့် ‘တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​များ​ကို​ကြံစည်​ကြ​သနည်း။ ၂၆ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရ​ဘုရား​နှင့် ကိုယ်တော်​၏​ခရစ်တော်​ကို ဆန့်ကျင်​ကြ​၏’​ဟု မိန့်​တော်မူ​ခဲ့​၏။ ၂၇ အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ ၂၈ ကိုယ်တော်​၏​လက်​တော်​နှင့်​အကြံအစည်​တော်​တို့​အားဖြင့် ဖြစ်ပျက်​လာ​ရန်​ကြိုတင်​သတ်မှတ်​ထား​သမျှ​သော​အရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။ ၂၉ ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။ ၃၀ တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။ ၃၁ ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00