၁၃ သင်တို့တွင် ဆင်းရဲဒုက္ခခံရသူရှိလျှင် သူသည် ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူရှိလျှင် သူသည် ချီးမွမ်းသီချင်းကိုသီဆိုစေ။ ၁၄ သင်တို့တွင် နာမကျန်းဖြစ်သူရှိလျှင် သူသည် အသင်းတော်အကြီးအကဲများကိုဖိတ်ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီလိမ်း၍ သူ့အတွက်ဆုတောင်းပေးကြစေ။ ၁၅ ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။ ၁၆ သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။ ၁၇ ဧလိယသည် ငါတို့နည်းတူ သာမန်လူသားတစ်ဦးဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မြေပေါ်၌မိုးမရွာဘဲနေ၏။ ၁၈ ထို့နောက် သူသည် နောက်တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်မှမိုးရွာသွန်း၍ မြေသည် အသီးအနှံများကိုဖြစ်ထွန်းစေ၏။ ၁၉ ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ တစ်စုံတစ်ဦးက သူ့ကို ပြန်လည်ခေါ်ဆောင်လာလျှင် ၂၀ အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.