အသင်းတော်သည် အပြစ်တရားကိုကိုင်တွယ်ဖြေရှင်းခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၁၈: ၁၅-၁၇

၁၅ သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။ ၁၆ နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန်အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။ ၁၇ သူ​သည် ထို​သူ​တို့​၏​စကား​ကို​ဂရုမစိုက်​လျှင် အသင်းတော်​အား ပြောကြား​လော့။ အသင်းတော်​၏​စကား​ကို​လည်း ဂရုမစိုက်​လျှင် သာသနာပ​လူမျိုးခြား​နှင့်​အခွန်​ကောက်ခံ​သူ​ကဲ့သို့ သူ့​ကို​မှတ်ယူ​လော့။

ကောရိန္သုဩဝါဒစာပထမစောင် ၅: ၁-၁၃

၁ သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။ ၂ သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ထို​အမှု​ကို​ပြု​သော​သူ​အား သင်​တို့​အထဲ​မှ ဖယ်ရှား​ရ​မည့်​အစား မာန​ထောင်လွှား​လျက်​နေ​ကြ​၏။ ၃ ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့်​သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ ထို​နေရာ​၌ အတူ​ရှိ​နေ​သကဲ့သို့ ထို​အမှု​ကို​ပြု​သော​သူ​အား စီရင်​ခဲ့​လေ​ပြီ။ ၄ ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍ ၅ ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။ ၆ သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ ၇ သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ၈ ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။ ၉ သင်​တို့​ထံ​ပေး​ပို့​သော ငါ​၏​စာ​၌ တရားနှင့်မညီ​မေထုန်ပြု​သူ​များ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​ရန် ငါ​ရေးသား​မှာကြား​ခဲ့​၏။ ၁၀ သို့ရာတွင် ဤ​လောက​ရှိ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လောဘ​လွန်ကျူး​၍ လိမ်လည်​လုယူ​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လုံးဝ​အပေါင်းအဖော်​မ​ပြု​ရ​ဟု ငါ​ဆိုလို​သည်​မ​ဟုတ်။ ထိုသို့ဆိုလျှင် သင်​တို့​သည် ဤ​လောက​မှ ထွက်ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။ ၁၁ သို့သော် အမှန်အားဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီအစ်ကို​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သူ​တစ်စုံတစ်ဦး​သည် တရားနှင့်မညီ​မေထုန်ပြု​သူ၊ လောဘ​လွန်ကျူး​သူ၊ ရုပ်တု​ကိုးကွယ်​သူ၊ ဝေဖန်​ပုတ်ခတ်​သူ၊ သောက်​စား​မူးယစ်​သူ၊ လိမ်လည်​လုယူ​သူ​ဖြစ်​လျှင် ထိုကဲ့သို့သော​သူ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်အတူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ၍​ဖြစ်​၏။ ၁၂ အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။ ၁၃ အပြင်​လူ​တို့​ကို​မူကား ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ ထို​ဆိုးညစ်​သော​သူ​ကို သင်​တို့​အထဲမှ ဖယ်ရှား​ကြ​လော့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00