အသင်းတော်သည် အမှုဆောင်ရွက်သူများအားစေလွှတ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၁၃: ၁-၄

၁ အန္တိအုတ်​မြို့​၌​ရှိ​သော​အသင်းတော်​တွင် ဗာနဗ၊ နိဂါ​ဟု​ခေါ်​သော​ရှိမောင်၊ ကုရေနေ​မြို့သား​လုကိ၊ နယ်စား​ဟေရုဒ်​နှင့်​နို့စို့ဖက်​ဖြစ်​သူ​မာနင်​နှင့် ရှောလု စသည့်​ပရောဖက်​များ​နှင့်​ဆရာ​များ​ရှိ​ကြ​၏။ ၂ သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ၃ ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။ ၄ ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။

ရောမဩဝါဒစာ ၁၅: ၁၆-၂၁

၁၇ သို့ဖြစ်၍ ငါ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​အရာ​တို့​၌ ခရစ်တော်​ယေရှု​အားဖြင့် ဝါကြွား​စရာ​အကြောင်း​ရှိ​၏။ ၁၈ အကြောင်းမူကား လူမျိုးခြား​တို့​နာခံ​မှု​ရှိ​စေရန် ခရစ်တော်​သည် ငါ့​ကို​အသုံးပြု​၍ တရား​စကား​နှင့်​လုပ်ဆောင်​မှု​အားဖြင့်​လည်းကောင်း၊ ၁၉ နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။ ၂၀ ထိုသို့​ဟောပြော​ရာ​၌ ငါ​သည် သူတစ်ပါး​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​မ​ပြု​မည့်​အကြောင်း ခရစ်တော်​၏​အမည်​နာမ​ကို ကြားသိ​ခြင်း​မ​ရှိ​သေး​သော​အရပ်​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ရည်မှန်း​ကြိုးစား​လာ​ခဲ့​၏။ ၂၁ ဤသည်ကား “ကိုယ်တော်​၏​အကြောင်း​ကို​ဖော်ပြ​ခြင်း​မ​ခံရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နားလည်​ကြ​လိမ့်မည်”​ဟု ကျမ်းစာ​၌ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00