ခေါင်းဆောင်များက မှန်ကန်စွာအကဲဖြတ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၇: ၁-၅

၁ သင်​တို့​သည် စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သူတစ်ပါး​ကို မ​စီရင်​ကြ​နှင့်။ ၂ အကြောင်းမူကား သင်​တို့​စီရင်​သည့်​နည်းလမ်း​အတိုင်း သင်​တို့​သည် စီရင်​ခြင်း​ခံရ​၍ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​လိမ့်မည်။ ၃ သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။ ၄ သင်​သည် မိမိ​မျက်စိ​၌​သစ်တုံး​ရှိ​လျက်​ပင် သင့်​ညီအစ်ကို​အား ‘သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်​ပေး​ပါရစေ’​ဟု မည်သို့​ပြော​နိုင်​မည်နည်း။ ၅ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်​ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်​ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၇: ၁၅-၂၃

၁၅ ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။ ၁၆ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။ ၁၇ ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။ ၁၈ ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ ၁၉ ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ ၂၀ သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ၂၁ ‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။ ၂၂ ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။ ၂၃ ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00