ခေါင်းဆောင်များသည် သူတို့၏အခွင့်အရေးကိုစွန့်လွှတ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကောရိန္သုဩဝါဒစာပထမစောင် ၉: ၁၆-၂၇

၁၆ ငါ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျှင်​လည်း ငါ့​အတွက် ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ငါ​၌​မဖြစ်မနေ​ဟောပြော​ရ​မည့်​တာဝန်​ရှိ​၏။ ကောင်းမြတ်​သော​သတင်း​ကို ငါ​မ​ဟောပြော​ဘဲ​နေ​လျှင် ငါ့​အတွက် အမင်္ဂလာ​ဖြစ်​၏။ ၁၇ ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။ ၁၈ သို့ဖြစ်လျှင် ငါ့​အတွက် မည်သည့်​ဆုလာဘ်​ရှိ​သနည်း။ ၎င်း​မှာ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သည့်​အခါ အဖိုးအခ​မ​ယူ​ဘဲ ထို​သတင်း​ကို ဝေငှ​ဟောပြော​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော ငါ​၏​ရပိုင်ခွင့်​ကို အပြည့်အဝ​အသုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။ ၁၉ ငါ​သည် လူ​အပေါင်း​တို့​ရှေ့၌ လွတ်လပ်​သူ​ဖြစ်​သော်လည်း ပို၍​များ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် လူ​အပေါင်း​တို့​ထံ၌ ကိုယ်တိုင်​ကျွန်ခံ​၏။ ၂၀ ဂျူး​လူမျိုး​တို့​ကို​ရရှိ​နိုင်​ရန် ဂျူး​လူမျိုး​တို့​တွင် ဂျူး​လူမျိုး​ကဲ့သို့​ဖြစ်​၏။ ငါ​ကိုယ်တိုင် ပညတ်​တရား​အောက်၌​မ​ရှိ​သော်လည်း ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​အတွက် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​၏။ ၂၁ ငါ​သည် ဘုရားသခင်​၏​ပညတ်​တရား​နှင့် ကင်းဝေး​သော​သူ​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ပညတ်​တရား​အောက်၌​ရှိ​သော်လည်း ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​တွင် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​ကဲ့သို့​ဖြစ်​၏။ ၂၂ အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။ ၂၃ ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။ ၂၄ အားကစားကွင်း​ထဲ၌ အပြေးပြိုင်​သော​သူ​တို့​သည် အားလုံး​ပြေး​ကြ​သည်​မှန်​သော်လည်း တစ်ဦးတည်း​သာ ဆု​ရရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် သင်​တို့​သည် ဆု​ရရှိ​မည့်​အကြောင်း ပြေး​ကြ​လော့။ ၂၅ ပြိုင်ပွဲ​ဝင်​သော​သူ​တိုင်း​သည် အရာရာ​၌ မိမိကိုယ်ကို​ချုပ်တည်း​တတ်​၏။ သူ​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ ငါ​တို့​မူကား ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ ၂၆ ထို့ကြောင့် ငါ​ပြေး​သောအခါ ဦးတည်ရာမဲ့​ပြေး​သော​သူ​ကဲ့သို့ ပြေး​သည်​မဟုတ်။ လက်ဝှေ့​ထိုး​သောအခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့သို့ ထိုး​သည်​မဟုတ်။ ၂၇ သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00